အဓိကအကြောင်းအရာသို့ သွားရန်

စားသောက်ဆိုင်၊ ကော်ဖီဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအတွက်

အော်ဒါကို မြန်မြန်ယူ၊ ဆိုင်ပိတ်ချိန် ငွေတိုင်းကို သိပါ။

ကောင်တာအတွက် အရောင်းမျက်နှာပြင်တစ်ခုတည်း၊ ခဏသိမ်းပြီး နောက်မှ ဆက်လုပ်လို့ရသော ဘောက်ချာ၊ ဖောက်သည်ပေးချေသည့် နည်းလမ်းအားလုံးနှင့် နေ့ဆုံးတွင် ကိုက်ညီသော ငွေအံဆွဲ။

စတင်မိတ်ဆက်ကာလအတွင်း အခမဲ့ · ကတ်နံပါတ် မလို

ပစ္စည်းကတ်များနှင့် ညာဘက်တွင် ဘောက်ချာပါသော BeeTable အရောင်းကောင်တာ

မျက်နှာပြင်တစ်ခုတည်းမှ ရောင်းပါ

ပစ္စည်းကို နှိပ်ထည့်၊ အရေအတွက်ပြင်ပြီး ဘောက်ချာသိမ်းပါ။ စားပွဲက ငွေမရှင်းသေးလား။ ဘောက်ချာကို ခဏသိမ်းထားပြီး ရှင်းချိန်မှ ပြန်ဖွင့်ပါ။

  • ပိုင်ရှင်သတ်မှတ်သော လျှော့ဈေး၊ ဝန်ဆောင်ခနှင့် အခွန်နှုန်း
  • မီနူးဈေးပြောင်းလည်း ဘောက်ချာပေါ်ရှိပြီးသား ပစ္စည်းဈေး မပြောင်းပါ
  • ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ browser တွင် သုံးနိုင်
လက်ရှိအရောင်းထဲရှိ ပစ္စည်းများပါသော ကောင်တာမျက်နှာပြင်

ပေးချေမှုတိုင်းကို မှန်မှန်ကန်ကန် မှတ်ပါ

ငွေသားအတွက် ငွေစက္ကူခလုတ်များနှင့် ပြန်အမ်းငွေ အလိုအလျောက်တွက်ချက်ခြင်း။ KBZPay၊ WavePay၊ AYA Pay၊ CB Pay၊ UAB Pay သို့မဟုတ် MMQR အတွက် ဆိုင်၏ ကိုယ်ပိုင် QR ကို ပြသခြင်း။ ဘဏ်လွှဲ၊ ကတ်နှင့် နှစ်မျိုးခွဲပေးခြင်းလည်း ရပါသည်။

  • Wallet ငွေပေးချေမှုတိုင်းနှင့် Transaction ID ကို သိမ်းထား
  • ငွေဝင်ကြောင်း ငွေကိုင်က အတည်ပြုမှ မှတ်တမ်းတင်
  • BeeTable သည် ငွေကို လက်ခံ၊ ထိန်းသိမ်း၊ လွှဲပြောင်းခြင်း မပြုပါ
ဖောက်သည် scan ဖတ်ရန် ဆိုင်၏ KBZPay QR ကို ပြသနေသော ငွေရှင်းမျက်နှာပြင်

နေ့ကို ယုံကြည်စွာ ပိတ်ပါ

ရေတွက်ထားသော အစပိုင်းငွေဖြင့် ငွေအံဆွဲကို ဖွင့်၊ ငွေထည့်/ထုတ်ကို မှတ်ပြီး ပိတ်ချိန်တွင် ရေတွက်ပါ။ ကွာခြားချက်ရှိပါက အကြောင်းပြချက် လိုအပ်ပြီး မှတ်တမ်းတွင် ကျန်ရှိပါသည်။

  • ငွေသား၊ ဘဏ်၊ ကတ်နှင့် wallet တစ်ခုချင်းအလိုက် ဝင်ငွေ
  • ငွေပြန်အမ်းမှုကို အရောင်းနှင့် သီးခြားပြသ
  • စာရင်းကိုင်အတွက် CSV ဖြင့် ဒေါင်းလုဒ်ဆွဲနိုင်
ငွေသားနှင့် mobile wallet အလိုက် ဝင်ငွေခွဲပြထားသော အရောင်းအစီရင်ခံစာ

ယနေ့ ပါဝင်ပြီးသားများ

  • ခဏသိမ်း၊ ပြင်ဆင်နိုင်သော ဘောက်ချာပါ အရောင်းကောင်တာ
  • လျှော့ဈေး၊ ဝန်ဆောင်ခနှင့် အခွန်နှုန်း
  • ငွေသား၊ ဘဏ်၊ ကတ်နှင့် ကိုယ်ပိုင် QR ပါ mobile wallet မှတ်တမ်း
  • ငွေပေးချေမှု ခွဲမှတ်ခြင်းနှင့် ပြန်အမ်းငွေ အမြန်တွက်ခြင်း
  • မူလပြေစာနှင့် တိုက်စစ်ပြီး ပစ္စည်းပြန်လက်ခံခြင်း
  • ရေတွက်ပိတ်သိမ်းသော ငွေအံဆွဲ shift များ
  • နေ့စဉ် အရောင်းအစီရင်ခံစာနှင့် CSV
  • ဖောက်သည်မှတ်တမ်းနှင့် ဆုလာဘ်ပွိုင့်
  • ဝန်ထမ်းအခန်းကဏ္ဍ - ပိုင်ရှင်၊ မန်နေဂျာ၊ ငွေကိုင်၊ စာရင်းကိုင်၊ ကြည့်ရှုသူ

မရရှိနိုင်သေးသည်များ

အဆင်သင့်မဖြစ်သေးသည်ကို ကြိုပြောထားသဖြင့် သင့်ဆိုင်အတွက် ကြိုတင်စီစဉ်နိုင်ပါသည်။

  • စားပွဲမြေပုံနှင့် စားပွဲအလိုက် session
  • မီးဖိုချောင် ဘောက်ချာနှင့် printer
  • “သကြားလျှော့” ကဲ့သို့ ရွေးချယ်စရာများ
  • ချက်နည်းနှင့် ပါဝင်ပစ္စည်း စတော့

စတင်မိတ်ဆက်ကာလအတွင်း အခမဲ့

Feature အားလုံးကို အခမဲ့ သုံးနိုင်ပါသည်။ ကတ်နံပါတ် မလိုပါ။ နောက်ပိုင်း ငွေပေးအစီအစဉ် ထည့်ပါက ကြိုတင် အသိပေးမည်ဖြစ်ပြီး သင့်သဘောတူညီချက်မရှိဘဲ မည်သည့်ငွေမှ မကောက်ပါ။

အခမဲ့ စတင်ရန်

ဆက်စပ် လမ်းညွှန်များ

လမ်းညွှန်အားလုံး

မေးလေ့ရှိသော မေးခွန်းများ

Demo ကြည့်ရန် သို့မဟုတ် မေးမြန်းရန်

သင့်ဆိုင်အကြောင်း အနည်းငယ် ပြောပြပါ။ ကျွန်ုပ်တို့အဖွဲ့က ဖုန်းဖြင့် ပြန်ဆက်သွယ်ပြီး BeeTable ကို သင့်ဆိုင်တွင် ဘယ်လိုသုံးမလဲ ပြသပေးပါမည်။

အခြား လုပ်ငန်းအမျိုးအစားများ

ဥပမာ 09 123 456 789
လုပ်ငန်းအမျိုးအစား *

သင့်ထံ ပြန်ဆက်သွယ်ရန်အတွက်သာ အသုံးပြုပါမည်။ ကိုယ်ရေးကိုယ်တာ မူဝါဒ