၁။ လုပ်ငန်းအချက်အလက် စီမံခန့်ခွဲသူနှင့် အကျုံးဝင်မှု
ဤကိုယ်ရေးကိုယ်တာ မူဝါဒသည် BeeTable Cloud ဝက်ဘ်ဆိုက်၊ Workspace နှင့် သက်ဆိုင်ရာ အရောင်းမှတ်တမ်းစနစ်များအားလုံးတွင် အကျုံးဝင်ပါသည်။
သင်သည် Workspace တစ်ခုကို စတင်တည်ထောင်သည့်အခါ သင့်ဆိုင်၏ ဖောက်သည်များနှင့် ဝန်ထမ်းများဆိုင်ရာ ဒေတာများကို စီမံခန့်ခွဲသူအဖြစ် ဆက်လက်ပိုင်ဆိုင်ပြီး ကျွန်ုပ်တို့က စနစ်လုံခြုံစွာ လည်ပတ်နိုင်စေရန် ဆောင်ရွက်ပေးပါသည်။
၂။ ကျွန်ုပ်တို့ စုဆောင်းသိမ်းဆည်းသော အချက်အလက်များ
အကောင့်အချက်အလက် - VisionX Account ID၊ လုပ်ငန်းအမည်၊ မြို့၊ အချိန်ဇုန် (Timezone) နှင့် ဆက်သွယ်ရန် အီးမေးလ်။
ဆိုင်တွင်းလုပ်ငန်းဒေတာ - ကုန်ပစ္စည်းစာရင်း၊ ဈေးနှုန်း၊ SKU ကုဒ်၊ အရောင်းဘောက်ချာများနှင့် ကုန်လက်ကျန်မှတ်တမ်းများ။
ဝက်ဘ်ဆိုက်မှ မေးမြန်းချက် - ဆက်သွယ်ရန်ဖောင်မှ ပေးပို့သော အမည်၊ ဖုန်းနံပါတ်၊ (ထည့်ပါက) အီးမေးလ်၊ လုပ်ငန်းအမည်၊ လုပ်ငန်းအမျိုးအစားနှင့် စာ။ သင့်ထံ ပြန်ဆက်သွယ်ရန်အတွက်သာ အသုံးပြုပါသည်။
ဖောက်သည်မှတ်တမ်း - ဆိုင်မှ ဖောက်သည်များနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် ထည့်သွင်းထားသော အမည်၊ ဖုန်းနံပါတ်နှင့် မှတ်ချက်များ။
စနစ်မှတ်တမ်း (Audit Logs) - အရောင်းပြေစာအမှတ် (Receipt ID)၊ အရောင်းမှတ်တမ်းတင်ချိန်နှင့် ဝန်ထမ်းလုပ်ပိုင်ခွင့် ပြောင်းလဲမှုများ။
- လက်ဗွေ၊ မျက်နှာစသည့် Biometric ဒေတာများကို မည်သည့်အခါမျှ မကောက်ယူပါ။
- မှတ်ပုံတင်နံပါတ်ကဲ့သို့သော အရေးကြီး အထောက်အထားများကို မလိုအပ်ဘဲ သိမ်းဆည်းခြင်းမပြုပါ။
- Device Cookies များကို စနစ်လုံခြုံရေးနှင့် ဘာသာစကားရွေးချယ်မှုအတွက်သာ ကန့်သတ်အသုံးပြုပါသည်။
၃။ ငွေကြေးဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်
BeeTable သည် သုံးစွဲသူများ၏ ငွေကြေးကို လက်ခံထိန်းသိမ်းခြင်း၊ လွှဲပြောင်းပေးခြင်း မပြုလုပ်ပါ။ ဆိုင်တွင် ကောက်ခံရရှိသော ငွေသား သို့မဟုတ် ဘဏ်ငွေလွှဲမှုများကို ဆိုင်ပိုင်ရှင်က ပြင်ပတွင် တိုက်ရိုက်ကိုင်တွယ်ပြီး BeeTable တွင် အရောင်းမှတ်တမ်းအဖြစ်သာ မှတ်သားခြင်း ဖြစ်ပါသည်။
ဖောက်သည်များ၏ ကတ်နံပါတ်များ၊ ဘဏ်စကားဝှက်များကို ကျွန်ုပ်တို့ စနစ်တွင် သိမ်းဆည်းခြင်း မရှိပါ။
၄။ ဒေတာလုံခြုံရေးနှင့် သီးခြားခွဲထုတ်ထားမှု
ဆိုင်တစ်ခုစီ၏ ဒေတာများကို သီးခြား Workspace ID ဖြင့် တင်းကြပ်စွာ ခွဲထုတ်ထားပြီး မည်သည့်အခါမျှ အခြားဆိုင်ဒေတာများနှင့် မရောနှောနိုင်ပါ။
ဆက်သွယ်မှုအားလုံးကို ခေတ်မီ HTTPS / TLS 1.3 ဖြင့် Encrypt ပြုလုပ်ထားပြီး စနစ် session များကို အဆင့်မြင့် လုံခြုံရေးစနစ်ဖြင့် ကာကွယ်ထားပါသည်။
နေ့စဉ် Database Backup များကို အလိုအလျောက် ရယူကာ လုံခြုံစိတ်ချရသော Cloud Storage တွင် သိမ်းဆည်းထားပါသည်။
၆။ လုပ်ငန်းရှင်၏ ရပိုင်ခွင့်များနှင့် ဒေတာရုပ်သိမ်းခွင့်
ဆိုင်ပိုင်ရှင်သည် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနှင့် ဖောက်သည်စာရင်းများကို အချိန်မရွေး ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း ပြုလုပ်နိုင်ပါသည်။
လုပ်ငန်းအသုံးမပြုတော့ပါက မိမိဒေတာများကို အပြီးတိုင် ဖျက်သိမ်းပေးရန် တောင်းဆိုပိုင်ခွင့် အပြည့်အဝ ရှိပါသည်။
၇။ မေးမြန်းစုံစမ်းရန်
အီးမေးလ် - privacy@beetable.store သို့မဟုတ် support@visionx.com.mm
လိပ်စာ - VisionX နည်းပညာဝန်ဆောင်မှု၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။